ကျွန်ုပ်တို့၏လုပ်ဆောင်ချက်များ
ဘီအီးအီးမြန်မာ အကယ်ဒမီ
ဘီအီးအီးမြန်မာအကယ်ဒမီအား ရှလုမ်းခြံဝင်း၊ မှော်ဘီမြို့နယ်တွင်တည်ထောင်ထားပြီး၊ အချိန်ပြည့်အမှုတော်ဆောင်ရန် ကျောင်းအိပ်ကျောင်းစားနေထိုင်တက်ရောက်လိုသူများအတွက်ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ပါသည်။
ဘီအီးအီးမြန်မာအနေဖြင့် သင်တန်းတက်ရောက်သူတိုင်းအား ဓမ္မတက္ကသိုလ်အဆင့်ဓမ္မပညာရပ်များကိုသင်ကြားပေးရာတွင် သခင်ယေရှုခရစ်၏တပည့်တော်အဖြစ်ကြီးထွားရင့်ကျက်လိုသူတိုင်းကို သင်ကြားပေးခြင်းပြုလုပ်ပါသည်။ ကျွန်ုပ်တို့၏ဆောင်ပုဒ် လူတိုင်းအတွက် ဓမ္မပညာဘီအီးအီးမြန်မာနှင့်အညီ သခင်ယေရှု၏အစေခံအဖြစ်အမှုတော်မြတ်၌ပါဝင် ဆက်ကပ်လိုသူတို့အားစုံလင်သည့် ဓမ္မတက္ကသိုလ်သင်ခန်းစာများကို သင်ကြားပို့ချပေးခြင်းပြုလုပ်ပါသည်။ ဘီအီးအီးမြန်မာ ကျောင်းသူ/ ကျောင်းသားများအနေဖြင့် သင်တန်းတက်ရောက်ရန် စာရင်းပေးသွင်းသည်နှင့် ဘွဲ့လက်မှတ်ရရှိရေးကိုသာဦးတည်၍ တက်ရောက်ခြင်းမျိုးမဖြစ်သင့်ပါ။ သို့ပါသော်လည်း ကျွန်ုပ်တို့ကျောင်းတော်ကြီးမှ ချမှတ်ထားသည့် စည်းမျဉ်း စည်းကမ်းများနှင့်အညီ သတ်မှတ်ထားသောအတန်းချိန်၊ ပေးထားသည့်အိမ်စာနှင့် လက်တွေ့လုပ်ဆောင်ချက်များပြီးစီးသည့်အပြင် နောက်ဆုံးစာမေးပွဲများအောင်မြင်ပါက အောက်ပါအောင်လက်မှတ်များကိုအပ်နှင်းပေးမည်ဖြစ်သည်။
- သမ္မာကျမ်းစာလေ့လာခြင်းဆိုင်ရာ ဒီပလိုမာ ( ၂ နှစ် )
- သမ္မာကျမ်းစာလေ့လာခြင်းဆိုင်ရာ ဝိဇ္ဇာဘွဲ့ ( ၄ နှစ် )
- သမ္မာကျမ်းစာလေ့လာခြင်းဆိုင်ရာမဟာဝိဇ္ဇာဘွဲ့ ( ၆ နှစ် )
ကျမ်းစာဓမ္မညီလာခံများနှင့် နှစ်ပတ်လည်ညီလာခံများပြုလုပ်ခြင်း
ဒေသန္တာရအသင်းတော်များနှင့် ခရစ်ယာန်အဖွဲ့အစည်းများ၏တောင်းဆိုမှုအပေါ်သုံးသပ်လျှက် မြန်မာပြည်နှင့်အဝှမ်း ကျမ်းစာလေ့လာခြင်းဆိုင်ရာဓမ္မညီလာခံများပြုလုပ်ပါသည်။ ဘီအီးအီးမြန်မာ၏နှစ်ပတ်လည်ညီလာခံများကိုလည်း သတ်မှတ် ထားသည့်ဒေသတို့၌ နှစ်စဉ်ပြုလုပ်ခြင်းဖြင့် သင်တန်းသူ/သားများ တစ်ဦးနှင့်တစ်ဦးရင်းနှင်းကျွမ်းဝင်မှုရှိလာစေခြင်း၊ ဘွဲ့နှင်း သဘင်အခမ်းအနားများပြုလုပ်ခြင်း၊ ပြီးမြောက်နိုင်ခဲ့သောအရာများတွက် ချီးမွမ်းခြင်းတို့အပြင် အမှုတော်မြတ်နှင့်သက်ဆိုင် သော သတင်းအချက်အလက်များအပြန်အလှန်ပြောဆိုခြင်းတို့ပြုလုပ်ပါသည်။
အသင်းတော်ကိုအခြေခံသောကျမ်းစာသင်ကြားရာစင်တာ
အသင်းတော်ကို အခြေခံသောကျမ်းစာသင်ကြားရာစင်တာဆိုသည်မှာ ရူပါရုံတူသော လူတစ်စု ပုံမှန်စုဝေးကြခြင်းဖြင့် ဘီအီးအီးပထမမျိုးဆက်သစ်အစပြုရန် ဆက်ကပ်သောအရပ်ကို ရည်ညွှန်းပါသည်။ အမှုတော်ဆောင်များဖြစ်ခြင်း ကြောင့် အချိန်ပြည့်ကျောင်းအိပ်ကျောင်းစားအနေဖြင့် မတက်နိုင်သောသူများအတွက်ရည်ရွယ်သည်။ ထိုအရပ်၌ ကျမ်းစာများကို သင်ကြား ဆွေးနွေးကြခြင်း၊ ပြဠာန်းစာအုပ်များကိုဝေငှခြင်း၊ အဖွဲ့ငယ်ပြဿနာများကိုကိုင်တွယ်ဖြေရှင်းခြင်း၊ ဘီအီးအီးမြန်မာကြောင်းကို ပြောဆိုရှင်းလင်းခြင်း၊ အဖွဲ့ခေါင်းဆောင်များကို တိုက်တွန်းခွန်အားပေးခြင်းနှင့် အဖွဲ့သစ်များ စတင်ရန်အတွက် နည်းဗျူဟာများရေးဆွဲခြင်းပြုရာအရပ်ကို ဆိုလိုခြင်းဖြစ်သည်။
ဘာသာပြန်ခြင်းနှင့် ပုံနှိပ်ထုတ်ဝေခြင်း
ကျွန်ုပ်တို့အနေဖြင့် ဓမ္မတက္ကသိုလ်အဆင့်သမ္မာကျမ်းစာနှင့် သီအိုလိုဂျီဆိုင်ရာသင်ခန်းစာများကို မြန်မာဘာသာနှင့် အခြားတိုင်းရင်းသားဘာသာစကားများဖြင့် ဘာသာပြန်ဆိုထုတ်ဝေခြင်း၊ ကယ်တင်ခြင်းသတင်းကောင်းဝေစာများပုံနှိပ်ထုတ် ဝေခြင်းတို့ကိုလည်းပြုလုပ်ပါသည်။
ဆင်းရဲသူများကို ကူညီပေးခြင်း
ကျွန်ုပ်တို့အနေဖြင့် မိဘဆင်းရဲနွမ်းပါးခြင်းကြောင့် အကူအညီလိုအပ်နေသည့် ကလေးငယ်များအား ခန္ဓာပိုင်းဆိုင်ရာ နှင့် ဝိညာဉ်ရေးရာအကူအညီများကို တတ်နိုင်သည့်အတိုင်းအတာနှင့်အညီထောက်ပံ့ကူညီမှုများပြုလုပ်ပါသည်။
အမျိုးသမီးသာသနာလုပ်ငန်း
အမျိုးသမီးများသည် အမျိုးသားများနှင့် တန်းတူဖြစ်ကြောင်းကို ကျွန်ုပ်တို့လက်ခံပါသော်လည်း ဤကမ္ဘာမြေကြီးပေါ် တွင်ပါဝင်ရမည့် ဘုရားသခင်၏သာသနာလုပ်ငန်း၌မတူညီသောအခန်းဂဏ္ဍတို့ဖြင့် ပါဝင်ရမည်ဖြစ်သည်ဟုလက်ခံထားပါသည်။
ဘီအီးအီးမြန်မာအမျိုးသမီးသာသနာလုပ်ငန်းသည် သင်တန်းတက်ရောက်သော သင်းအုပ်ဆရာများ၏ဇနီးသည်များ၊ အမျိုးသမီးခေါင်းဆောင်များကို အဓိကထား၍သင်ကြားပေးခြင်းဖြင့် မိမိတို့ခင်ပွန်းသည်၏သာသနာလုပ်ငန်း၌ အထောက် အမကောင်းများအနေဖြင့် ပါဝင်ဆက်ကပ်နိုင်စေခြင်း၊ မိမိတို့အသင်းတော်များရှိ အမျိုးသမီးသာသနာလုပ်ငန်းများ၌ခေါင်း ဆောင်မှုပြုခြင်းတို့ကိုပြုလုပ်နိုင်စေပါသည်။
ကျွန်ုပ်တို့ဘီအီးအီးမြန်မာအဖွဲ့အစည်းအနေဖြင့် လက်ရှိတည်ရှိနေသောကျမ်းစာကျောင်းများ၊ ဓမ္မတက္ကသိုလ်များနှင့် အခြားသော ခရစ်ယာန်အဖွဲ့အစည်းများနှင့် ယှဉ်ပြိုင်လုပ်ကိုင်ခြင်းမျိုးပြုလုပ်မည်မဟုတ်ပါ။ ကျွန်ုပ်တို့အနေဖြင့် တည်ရှိပြီး ဖြစ်သောအသင်းတော်များ၊ သာသနာအဖွဲ့အစည်းများနှင့် ပူပေါင်းလက်တွဲခြင်း အစေခံခြင်းဖြင့် ဓမ္မပညာဆင့်ပွားသင်ကြား ခြင်းများကိုသာဦးတည်၍ ပြုလုပ်သွားမည်ဖြစ်ပါသည်။
ကျွန်ုပ်တို့၏ယုံကြည်ချက်များ
ကျွန်ုပ်တို့အနေဖြင့်
- ဘုရားသခင်သည် သုံးပါးတဆူဖြစ်တော်မူပြီး၊ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်ဟူ၍ အနှစ်သာရနှင့်ဖြစ်တည်ခြင်းတို့၌တူညီသော်လည်း ပုဂ္ဂိုလ်သုံးပါးအဖြစ်တည်ရှိနေသောဘုရားဖြစ်ကြောင်း ယုံကြည်လက်ခံပါသည်။
- ဓမ္မဟောင်းကျမ်းနှင့် ဓမ္မသစ်ကျမ်းအားလုံးတို့သည် ဘုရားသခင်မှုတ်သွင်းထားသည့် အမှားအယွင်းကင်းသော ဘုရားနှုတ်ကပတ်တော်များဖြစ်သည်ဟု ယုံကြည်ပါသည်။
- ခမည်းတော်ဘုရားသခင်သည် တည်ရှိနေသောခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းသောသူနှင့် ထိန်းသိမ်းစောင့်ရှောက်ထားသူဖြစ်သည်။
- ယေရှုသည် မေရှိယ၊ ခရစ်တော်ဖြစ်ပြီး ဖန်ဆင်းခံမဟုတ်သည့် ဘုရားသခင်၏ထာဝရသားတော်ဖြစ်သည်။
- သန့်ရှင်းသောဝိညာဉ်တော်သည် ယုံကြည်သူများအသက်တာ၌တန်ခိုးကိုပေးရန် ကျိန်းဝပ်တော်မူသည့် ဘုရားသခင်ဖြစ်သည်။
- လူအပေါင်းတို့သည် အပြစ်ရှိသောကြောင့် ဒုတိယအကြိမ်မွေးဖွားခြင်းမခံပါက ဒုတိယအကြိမ်သေဆုံးခြင်းဖြစ်သည့်ငရဲတွင် အဆုံးသတ်မည်ဖြစ်သည်။
- ကယ်တင်ခြင်းဆိုသည်မှာ ယေရှုခရစ်ကိုယုံကြည်ခြင်းအားဖြင့် ကျေးဇူးတော်ကြောင့်သာရရှိသည် မည်သည့်အရာမှ ထပ်ထည့်စရာမလိုအပ်ပေ။
- ခရစ်ယာန်ယုံကြည်သူတစ်ဦးသည် သေခြင်းမှ အသက်ရှင်ခြင်းသို့ကူးမြောက်သူဖြစ်သောကြောင့် အပြစ်စီရင်ခြင်းခံရမည်မဟုတ်ပေ။
- ယုံကြည်သူတစ်ဦးသည် ကောင်းကင်ဘုံ၌ ဆုလဒ်များရမည်ဆိုသောအသိဖြင့် နာခံခြင်းရှိရန်အားယူရမည်ဖြစ်သည်
- ယုံကြည်သူတစ်ဦးတစ်ယောက်စီတို့သည် ဝိညာဉ်ရေးရာဆုကျေးဇူးပိုင်ဆိုင်သူများဖြစ်ပြီး ဒေသန္တာရအသင်းတော်၌ မိမိတို့၏ဆုကျေးဇူးများကို အသုံးတော်ခံရမည့်သူများဖြစ်သည်။
- ဣသရေလလူတို့သည်ဘုရားသခင်ရွေးကောက်သောသူများအဖြစ်ရှိနေမည်ဖြစ်ပြီး သူမနှင့်သက်ဆိုင်သည့်အမွေ များကို လက်ခံရရှိမည်ဖြစ်သည်။
- ယေရှုခရစ်သည် အသင်းတော်ကိုချီဆောင်ရန်၊ ဣသရေလလူမျိုးတို့ကိုကာကွယ်ရန်၊ စာတန်နှင့် သူ့နောက်လိုက် စစ်သည်များကို အောင်နိုင်ရန်၊ ဘုရားသခင်၏နိုင်ငံတော်ကိုတည်ထောင်ရန် ဒုတိယအကြိမ်ပြန်လည်ကြွလာမည်ဟု ကျွန်ုပ်တို့ ယုံကြည်ပါသည်။