သမ္မာကျမ်းဓမ္မပညာဆင့်ပွားသင်ကြားခြင်းမြန်မာမှ ကြိုဆိုပါသည်

လူတိုင်းအတွက် ဓမ္မပညာ BEE မြန်မာ

ကျွန်ုပ်တို့၏သာသနာလုပ်ငန်း

ကျွန်ုပ်တို့၏သာသနာလုပ်ငန်းသည် ဘုရားသခင်၏သမ္မာတရားအား သစ္စာနှင့်ပြည့်စုံ၍ အခြားသူတို့ကို ပြန်လည်ဆင့်ပွား သင်ကြားပေးနိုင်သောသူတို့ထံအပ်နှင်းပေးခြင်းဖြစ်သည်။

သက်သေခံအများရှိသည်နှင့် ငါ့ထံကြားရပြီးသောအရာတို့ကို၊ သစ္စာနှင့်ပြည့်စုံ၍ သူတပါးတို့ကို သွန်သင်ခြင်း

ငှါ၊ တတ်စွမ်းနိုင်သော သူတို့၌အပ်ပေးလော ၂တိ ၂း၂

ကျွန်ုပ်တို့၏ရူပါရုံ

ကျွန်ုပ်တို့၏ရူပါရုံမှာ ဘီအီးအီးမြန်မာ၌ သင်တန်းတက်ရောက်၍ တည်ဆောက်လေ့ကျင့်ပေးခြင်းကို ခံပြီးသော သင်းအုပ်ဆရာများ၊ ခရစ်ယာန်ခေါင်းဆောင်များအနေဖြင့် မိမိတို့သင်ယူထားသောသမ္မာတရားများကို မိမိတို့အသင်းတော်သော်လည်းကောင်း အခြားသောမိတ်ဆွေသင်းအုပ်ဆရာများနှင့် ခရစ်ယာန်ခေါင်းဆောင်များထံ၌ထိရောက်သောနည်းလမ်းများဖြင့် သမ္မာကျမ်းဓမ္မပညာများကို ဆင့်ပွားသွန်သင်ပေးစေခြင်းဖြစ်သည်။ ထို့အပြင် သခင်ယေရှုခရစ်၏တပည့်တော်တစ်ဦးအနေဖြင့် ရင့်ကျက်ကြီးထွားလိုသောသူတိုင်းအတွက် ဓမ္မပညာလေ့လာသင်ယူနိုင်သည့် အခွင့်အရေးများကိုဖန်တီးပေးခြင်းဖြစ်သည်။

ကျွန်ုပ်တို့၏လုပ်ဆောင်ချက်များ

အမျိုးသမီးသာသနာလုပ်ငန်း

အမျိုးသမီးများသည် အမျိုးသားများနှင့် တန်းတူဖြစ်ကြောင်းကို ကျွန်ုပ်တို့လက်ခံပါသော်လည်း ဤကမ္ဘာမြေကြီးပေါ် တွင်ပါဝင်ရမည့်ဘုရားသခင်၏ သာသနာလုပ်ငန်း၌မတူညီသော
အခန်းဂဏ္ဍတို့ဖြင့် ပါဝင်ရမည်ဟု ..ဆက်လက်ဖတ်ရှုရန်

အသင်းတော်ကိုအခြေခံသောကျမ်းစာသင်ကြားရာစင်တာ

အသင်းတော်ကို အခြေခံသောကျမ်းစာသင်ကြားရာစင်တာဆိုသည်မှာ ရူပါရုံတူသော လူတစ်စု ပုံမှန်စုဝေးကြခြင်း ဖြင့် ဘီအီးအီးပထမမျိုးဆက်သစ်အစပြုရန် ဆက်ကပ်သော...
ဆက်လက်ဖတ်ရှုရန်

ကျမ်းစာဓမ္မညီလာခံများနှင့် နှစ်ပတ်လည်ညီလာခံများပြုလုပ်ခြင်း

ဒေသန္တာရအသင်းတော်များနှင့် ခရစ်ယာန်အဖွဲ့အစည်းများ၏တောင်းဆိုမှုအပေါ်သုံးသပ်လျှက် မြန်မာပြည်နှင့်အဝှမ်း ကျမ်းစာလေ့လာခြင်းဆိုင်ရာဓမ္မညီလာခံများပြုလုပ်ပါသည်။ ...
ဆက်လက်ဖတ်ရှုရန်

ကျွန်ုပ်တို့သမိုင်းအကျဉ်း

BEE ဆိုသည်မှာ Biblical Education by Extension ၏အတိုကောက်ဖြစ်သည်။ မြန်မာဘာသာအား ဖြင့် သမ္မာကျမ်းစာဓမ္မပညာဆင့်ပွားသင်ကြားခြင်းဟု ဘာသာပြန်ဆိုထားသည့်အဖွဲ့အစည်းသည် ၁၉၇၉ ခုနှစ်မှစ၍တည် ထောင်ခဲ့သော ခရစ်ယာန်သာသနာပြုအဖွဲ့အစည်းတစ်ခုဖြစ်သည်။ မူလရည်ရွယ်ချက်မှာ သမ္မာကျမ်းစာလေ့လာသင်ယူခြင်း များမပြုနိုင်သည့် အခွင့်အရေးမရရှိသည့် အရှေ့ဥရောပနှင့် ဆိုဗီယက်ယူနီယမ်တို့ရှိ ခရစ်ယာန်ယုံကြည်သူခေါင်းဆောင်များ အား ကျမ်းစာလေ့ကျင့်သင်ကြားပေးရန် အတွက်ရည်ရွယ်ခဲ့ခြင်းဖြစ်သည်။

၁၉၉၂ ၌ ဥရောပဒေသနိုင်ငံရေးအခြေအနေများပြောင်းလဲသွားပြီးနောက်တွင် ဘီအီးအီးခေါင်းဆောင်များအား အခြားဒေသများသို့ သာသနာလုပ်ငန်းကို တိုးချဲ့ခြင်းပြုရန် ဘုရားသခင်၏ခေါ်ခြင်းကို ခံခဲ့ရကြပါသည်။ ထို့ကြောင့် ၁၉၉၄ ခုနှစ်၌ ဘီအီးအီးဘုတ်အဖွဲ့ဒါရိုက်တာများမှ BEE Worldဟုအမည်တွင်သည့်သာသနာလုပ်ငန်းအမည်သစ်ဖြင့် အရှေ့ အလယ်ပိုင်း၊ အာဖရိကနှင့် အာရှတိုက်တို့၌ သာသနာလုပ်ငန်းများတိုးချဲ့ရန် ခွင့်ပြုခဲ့ကြသည်။ ၁၉၉၀ ခုနှစ်၌ BEE သာသနာလုပ်ငန်းသည် အာရှတိုက်သို့တိုးချဲ့လာခဲ့ပါသည်။ BEE Myanmar သည် ၁၉၉၇ ခုနှစ်မှစ၍ လက်တွဲလုပ်ကိုင်ခဲ့ ပါသည်။

ပါဝင်နိုင်သောနည်းလမ်းများ

ဆုတောင်းခြင်း

ကျွန်ုပ်တို့သည် ဆုတောင်းခြင်းကိုယုံကြည်ပါသည်။ ထို့ကြောင့် ဘီအီးအီးမြန်မာရန်ကုန်ရုံး၌ တစ်လတစ်ကြိမ် စုပေါင်းဆုတောင်းခြင်းအစီအစဉ်များပြုလုပ်နေပါသောကြောင့် မိတ်ဆွေတို့အနေဖြင့် ဆုတောင်းခံချက်များအား [email protected] သို့ပေးပို့ခြင်း၊ ဖုန်းဖြင့်တင်ပြခြင်းတို့အားဖြင့်သော်လည်းကောင်း ကိုယ်တိုင်ဝင် ရောက်ပါဝင်ခြင်းဖြင့်သော်လည်းကောင်းပါဝင်နိုင်ရန် နှိုးဆော်အပ်ပါသည်။

ကျွန်ုပ်တို့၏ပုံရိပ်များ