Get involved

ပါဝင်နိုင်သောနည်းလမ်းများ

ဆုတောင်းခြင်း။

[email protected]သို့ပေးပို့ခြင်း၊ ဖုန်းဖြင့်တင်ပြခြင်းတို့အားဖြင့်သော်လည်းကောင်း ကိုယ်တိုင်ဝင် ရောက်ပါဝင်ခြင်းဖြင့်သော်လည်းကောင်းပါဝင်နိုင်ရန် နှိုးဆော်အပ်ပါသည်။ ဘီအီးအီးမြန်မာသာသနာလုပ်ငန်းအတွက် ဆုတောင်းပေးခြင်းနှင့် ထောက်ပံ့ပေးခြင်းများပြုလုပ်ရန်လည်း အားပေးလိုပါသည်။

 

အလှူငွေပေးလှူခြင်း။

မြန်မာနိုင်ငံတွင်းရှိ ဝိညာဉ်ရေးရာခေါင်းဆောင်များကို တည်ဆောက်ပေးခြင်းနှင့် ခရစ်ယာန် ခေါင်းဆောင်သစ်များကို မွေးထုတ်ပေးခြင်းလုပ်ငန်းဖြစ်သည့် ဘီအီးအီးမြန်မာသာသနာလုပ်ငန်းအား မိမိတို့တတ်နိုင်သည့် ဘက်မှ ပေးလှူခြင်းဖြင့် ပါဝင်နိုင်ရန်ကြိုဆိုအပ်ပါသည်။

 

လာရောက်လည်ပတ်ခြင်း။

ကျွန်တော်များဘီအီးအီးမြန်မာရန်ကုန်ရုံးသို့လည်းကောင်း၊ ဘီအီးအီးမြန်မာ အကယ်ဒမီတည် ရှိရာမှော်ဘီရှလုမ်းခြံဝင်းတွင်းသို့လည်းကောင်း လာရောက်လည်ပတ်ခြင်းဖြင့် တစ်ဦးနှင့်တစ်ဦးပိုမိုရင်းနှီး မှုရရှိရန်အလည်လာရောက်ရန် နွေးထွေးစွာဖြင့်ကြိုဆိုအပ်ပါသည်။

 

လုပ်အားပေးခြင်း။

ဘီအီးအီးမြန်မာအနေဖြင့် အောက်ဖော်ပြပါအခန်းဂဏ္ဍတို့၌ အချိန်ပြည့်လုပ်အားပေးပါဝင် နိုင်ပါကြောင်း တိုက်တွန်းလိုပါသည်-

  1. ခရစ်ယာန်စာပေဆိုင်တွင် ကူညီပေးခြင်း
  2. အင်္ဂလိပ်စာသင်ကြားပေးခြင်း
  3. ကွန်ပျူတာပိုင်းဆိုင်ရာကူညီပေးခြင်း
  4. ဗီဒီယိုတည်းဖြတ်ပေးခြင်း

 

ကျွန်ုပ်တို့နှင့်အတူသွားခြင်း။

ကျွန်ုပ်တို့အနေဖြင့် သခင်ယေရှုခရစ်၏မဟာစေခိုင်းချက်ကြီးဖြစ်သည့် သင်တို့သွား၍ လူမျိုးတကာတို့ကို ငါ့တပည့်ဖြစ်စေကြလော့ဆိုသည့်အတိုင်းပြုကြရာတွင် ယေရှုခရစ်၏ကယ်တင်ခြင်းသတင်းကောင်းကို ဝေငှခြင်းနှင့် ကိုယ်တော်ပေးထားသည့်ပညတ်တော်တို့ကို စောင့်ရှောက်စေခြင်းဆိုသည့်တပည့်တော်ဖြစ်စေခြင်းလုပ်ငန်းများ လည်းပါဝင်သောကြောင့် ကျွန်ုပ်တို့နှင့်အတူ ဧဝံဂေလိဝေငှခြင်း၊ နှုတ်ကပတ်တော်သွန်သင်ခြင်းများပြုလုပ်ရန် တိုက်တွန်းလို ပါသည်။

 

အကျိုးတူပူးပေါင်းခြင်း။

သခင်ဘုရား၏အမှုတော်မြတ်၌ ပါဝင်ခြင်းဖြင့် ရရှိမည့်ဆုလဒ်များကို အတူတကွရရှိနိုင်စေရန်အတွက် မိတ်ဆွေအနေဖြင့် မိမိတို့အသင်းတော်အဆောက်အဦးနှင့် ပစ္စည်းများကို ကျမ်းစာသင်တန်းများပြုလုပ်နိုင်ရန် တံခါးဖွင့်အသုံးပြုခွင့်ပေးခြင်း၊ အသင်းတော်၌ဆုတောင်းပေးခြင်း၊ ငွေကြေးအားဖြင့်ထောက်ပံ့ပေးလှူခြင်း၊ ရက်တိုနှင့် ရက်ရှည်သာသနာပြုနိုင်မည့်အဖွဲ့များကိုစေလွှတ်ခြင်းတို့အားဖြင့် မဟာစေခိုင်းချက်ကြီးကိုပြည့်စုံစေရန် ပူပေါင်းပါဝင်နိုင်မည်အကြောင်း တိုက်တွန်းလိုပါသည်။

ဘီအီးအီးမြန်မာ၌ နှုတ်ကပတ်တော်သင်ယူလိုသူသည် အောက်ပါအရည်အချင်းရှိရမည်

  1. သခင်ယေရှုခရစ်ကို မိမိကယ်တင်ပိုင်ရှင်ဖြစ်ယုံကြည်လက်ခံပြီးသူ
  2. မြန်မာဘာသာစကားကို ကောင်းမွန်စွာရေးနိုင် ပြောဆိုဆွေးနွေးနိုင်သူ
  3. အခြားသူများနှင့်အတူတကွလေ့လာသင်ယူနိုင်သူ
  4. သင်ပေး၍ရသောသူ
  5. သာသနာလုပ်ငန်းပိုင်းဆိုင်ရာခေါင်းဆောင်များက ထောက်ခံပေးခြင်းခံရသူဖြစ်ရပါမည်။

သင်တန်းကြေးများ

  1. အမှုတော်ဆောင်ဆရာ/ဆရာမများအတွက် ဝင်ကြေး ၅၀ဝ၀/- ကျပ်၊ ဘွဲ့နှင်းသဘင်ကြေး ၁၀ဝ၀ဝ/- ကျပ် မှတ်ပုံတင်ကြေး ၁၀ဝ၀/-ကျပ်နှင့် လိုအပ်သောပြဠာန်းစာအုပ်များကို ကိုယ်တိုင်ဝယ်ယူရမည်ဖြစ်သည်။
  2. ဘီအီးအီးမြန်အကယ်ဒမီ ရှလုမ်းခြံဝင်းမှော်ဘီ၌ တက်ရောက်မည့် ကျောင်းသူ/သားများအနေဖြင့် ဝင်ကြေး ၁၀ဝ၀ဝ/ကျပ်၊ လစဉ်ကြေး ၃၀ဝ၀ဝ/- ကျပ်နှင့် လိုအပ်သည့်ပြဠာန်းစာအုပ်များနှင့် အသုံးစရိတ်များပေးဆောင်ရမည် ဖြစ်သည်။

မှတ်ချက်။ ။ ငွေကြေးခက်ခဲသူများ ကျောင်းဝင်းတွင်းအလုပ်လုပ်၍ ကျောင်းတက်နိုင်မည်ဖြစ်သည်။

Comments are closed.