Mission and Vision

ကျွန်ုပ်တို့၏သာသနာလုပ်ငန်း

ကျွန်ုပ်တို့၏သာသနာလုပ်ငန်းသည် ဘုရားသခင်၏သမ္မာတရားအား သစ္စာနှင့်ပြည့်စုံ၍ အခြားသူတို့ကို ပြန်လည် ဆင့်ပွားသင်ကြားပေးနိုင်သောသူတို့ထံ အပ်နှင်းပေးခြင်းဖြစ်သည်။ သက်သေခံအများရှိသည်နှင့် ငါ့ထံ၌ကြားရပြီးသောအရာတို့ကို၊ သစ္စာနှင့်ပြည့်စုံ၍ သူတပါးတို့ကို သွန်သင်ခြင်းငှါ၊ တတ်စွမ်းနိုင်သော သူတို့၌ အပ်ပေးလော့။ ၂တိ ၂း၂

ရူပါရုံ

ကျွန်ုပ်တို့၏ရူပါရုံမှာ ဘီအီးအီးမြန်မာ၌ သင်တန်းတက်ရောက်၍ တည်ဆောက်လေ့ကျင့်ပေးခြင်းကို ခံပြီးသော သင်းအုပ် ဆရာများ၊ ခရစ်ယာန်ခေါင်းဆောင်များအနေဖြင့် မိမိတို့သင်ယူထားသောသမ္မာတရားများကို မိမိတို့အသင်းတော်၌သော်လည်း ကောင်း အခြားသောမိတ်ဆွေသင်းအုပ်ဆရာများနှင့် ခရစ်ယာန်ခေါင်းဆောင်များထံ၌ ထိရောက်သောနည်းလမ်းများဖြင့် သမ္မာကျမ်းဓမ္မပညာများကို ဆင့်ပွားသွန်သင်ပေးစေခြင်းဖြစ်သည်။ ထို့အပြင် သခင်ယေရှုခရစ်၏တပည့်တော်တစ်ဦးအနေဖြင့် ရင့်ကျက်ကြီးထွားလိုသောသူတိုင်းအတွက် ဓမ္မပညာလေ့လာသင်ယူနိုင်သည့် အခွင့်အရေးများ ဖန်တီးပေးခြင်းဖြစ်သည်။
ကျွန်ုပ်တို့နိုင်ငံသည် ဝိညာဉ်ရေးရာများကို ဆာငတ်နေသူများပြားသည့်နိုင်ငံဖြစ်သည့်အားလျော်စွာ ဘီအီးအီးမြန်မာ သင်တန်းများနှင့် ဓမ္မညီလာခံများ၌ ဂိုဏ်းဂဏ္ဍပေါင်းစုံမှ ဆရာ/ဆရာမများပါဝင်တက်ရောက်ကြပါသည်။ သို့ဖြစ်သည့်တိုင် ဂိုဏ်းဂဏ္ဍပိုင်းဆိုင်ရာပြဿနာ ခံယူချက်ခြားနားခြင်းကြောင့်ဖြစ်တတ်သောပြဿနာများမရှိသလောက်ရှားပါခဲ့သည်ကိုမြင်တွေ့ရပါသည်။ အကြောင်းမှာ ကျွန်ုပ်တို့၏ရည်ရွယ်ချက်သည် သမ္မာကျမ်းစာသွန်သင်ချက်ကိုနားလည်သဘောပေါက်ရန် အတူတကွလေ့လာသင်ယူခြင်းဖြစ်သောကြောင့်ပင်ဖြစ်သည်။

ရည်ရွယ်ချက်

ဘီအီးအီးမြန်မာသည် အသင်းတော်အားအပ်နှင်းထားသည့် မဟာစေခိုင်းချက်ကြီးကို ပြည့်စုံစေခြင်းပြုရာတွင် ဘုရား သခင်၏နှုတ်ကပတ်တော်များကို မိမိတို့ကိုယ်တိုင်လေ့လာသင်ယူခွင့်မရရှိခဲ့သောကြောင့် မသိရှိခြင်း၊ ကျမ်းစာဆိုင်ရာဓမ္မပညာ သင်တန်းများတက်ရောက်ရန် အခွင့်အရေးမရရှိခြင်းတို့ကြောင့် အသင်းတော်ကိုဦးဆောင်နေရသော်လည်း သမ္မာကျမ်းစာ ကို ဟောပြောမှုမပြုနိုင်ခြင်း (သို့) ရှင်းလင်းစွာသွန်သင်နိုင်ခြင်းမရှိသူများအား လေ့ကျင့်သင်ကြားပေးခြင်းဖြင့် အသင်းတော်ကို ကူညီရန်အတွက် တည်ရှိနေခြင်းဖြစ်သည်။

အမှုတော်မြတ်၌အဓိကထားသောအချက်သုံးချက်

သခင်ယေရှုခရစ်ကိုနာခံသောအားဖြင့် ဘီအီးအီးမြန်မာအနေဖြင့် ကျွန်ုပ်တို့၏သင်တန်းတိုင်းတွင် အောက်ဖော်ပြ ပါအခြေခံသဘောထားသုံးရပ်ကို အလေးအနက်ထားလိုက်နာပါသည်။

၁။ လူမျိုးတကာတို့ကို တပည့်တော်ဖြစ်စေခြင်း၊ ထိုသို့ပြုခြင်း၌ ပျောက်ဆုံးဝိညာဉ်များကို ဧဝံဂေလိသတင်းကောင်း ဝေငှပြောဆိုခြင်းပါဝင်သည်။
၂။ ဂဏ္ဍအလုံးစုံတို့၌လေ့ကျင့်သင်ကြားပေးခြင်း၊
  1. သမ္မာကျမ်းစာအသိပညာတိုးတက်စေရေး ( သိကျွမ်းခြင်း )
  2. ကိုယ်ကျင့်တရားပိုင်းဆိုင်ရာတိုးတက်ကောင်းမွန်လာစေရေး ( ဖြစ်တည်ခြင်း )
  3. သာသနာလုပ်ငန်းပိုင်းဆိုင်ရာကျွမ်းကျင်လာစေရေး ( လက်တွေ့လုပ်ဆောင်ခြင်း )
၃။ တစ်ဦးမှ တစ်ဦးထံသို့ လွှဲပြောင်းသွန်သင်ပေးနိုင်စေခြင်း၊

ဘီအီးအီးမြန်မာအနေဖြင့် သင်တန်းသား/သူများအား မိမိတို့ဆရာ/ဆရာမများထံမှ လေ့လာသင်ယူပြီးသောအရာများအား အခြားသူများထံသို့ပြန်လည်သင်ကြားခြင်းပြုရာတွင် ဘီအီးအီးမြန်မာမှထုတ်ဝေသည့် ပြဠာန်းစာအုပ်များကို အကျိုးရှိစွာအသုံးပြုခြင်းဖြင့် အခြားသူများထံသွန်သင်ခြင်းပြုရန် အားပေးပါသည်။

Comments are closed.